မျက်ဝန်းခြင်း ကြိုးအငြှိမှာ
ဂီတဟာ
အချစ် အချစ်လို့ မြည်သွား
ကိုယ့်ခြေဖျားလက်ဖျားတွေ
ရေခဲမှတ်အောက်ရောက်ခဲ့ရတယ်
အသံမဲ့ဘာသာစကားနဲ့
နားလည်မူခြင်းထပ်တူကျတဲ့အခါ
သူ့ အပြုံးလိပ်ပြာလေးတွေ
တစ်ရစ်ဝဲဝဲ ပျံသန်းလာခဲ့ကြ
ကိုယ့်ရငိခုန်သံငှက်ကလေးတွေလည်း
တောင်ပံတစ်ဖျတ်ဖျတ်ထခတ်ခဲ့ကြ
အဲ့ဒီတစ်ခဏများစွားမှာ
ကိုယ့် အသက်ရှုသံတွေ
ခေတ္တခဏ မှားခဲ့ကြပေါ့
Thursday, July 30, 2015
love rhythm
Wednesday, July 22, 2015
love defination
'အချစ်' တဲ့
ကျွန်မ စသိခဲ့တဲ့အချိန်
ဆယ်ကျော်သက်အရွယ် ရဲ ခံစားချက်အတိုင်း
ပြင်းပြင်းရှရှပေါ့
ရူးရူးသွပ်သွပ်တော့မဟုတ်ခဲ့ပါ
ကျွန်မရဲ့ ရည်မှန်းချက်တွေနဲ့ အချစ်ကိုလဲဖို့ 
ကွန်မ ဘယ်တုန်းကမှ သတ္တိမရှိခဲ့ပါ
ဒါပေမယ့် အဲ့ဒီအချစ်က ကျွန်မကို
သတ္တိတွေ ခွန်အားတွေပေးခဲ့တယ်
ဘယ်လောက်ထိချစ်လဲဆို
သူ့ နာမည်လေး ရေရွတ်လိုက်မိရင်တောင်
ရင်ထဲလှိုက်ကနဲ ခုန်သွားတဲ့အထိပေါ့
တစ်ချိန်မှာဝေးခဲ့ရင်ဆိုတဲ့အတွေးဝင်မိရင်
ချက်ချင်း မျက်ရည်ဝဲမိတဲ့ အဖြစ်
ဒါပေမယ့်
ကျွန်မတို့  ဝေးခဲ့ပါတယ်
အလွမ်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့အချိန်မှာ
ပင်ပန်းခဲ့ရပေမယ့် ပြန်ဆုံမှာပါဆိုတဲ့အတွေးနဲ့
ပျော်ခဲ့ရပါတယ်
ပြန်မဆုံခဲ့ပါဘူး ကျွန်မတို့ မဆုံဆည်းခဲ့ကြပါဘူး
မရေရာတဲ့အချစ်တစ်ခုကို ဆုပ်ကိုင်ပီး
မရူးသွပ်သင့်ဘူးလို့ 
နှစ်ဆယ်ကျော်အချိန်မှာ တွေးတတ်လာခဲ့တယ့်
သူမရှိရင် ဘဝကိုဘယ်လို ဖြတ်သန်းရမလဲဆိုတဲ့
ကျွန်မရဲ့စိတ်တွေလည်း နေတတ်ခဲ့ပါတယ်
အချစ်စစ်ကိုရှာဖွေမိခဲ့ပါတယ်
ကျွန်မရဲ့ သူရဲကောင်းတစ်ယောက်ကိုပေါ့
ကျွန်မရဲ့ ဘဝကိုပြီးပြည့်စုံစေမယ့်သူထက်
ကျွန်မရဲ့ လက်ရှိဘဝကို လက်ခံပေးနိုင်မဲ့သူပေါ့
ကျွန်မကို ချစ်တဲ့သူတွေကို မေးကြည့်ဖူးတယ်
ဘာ့ကြောင့်ချစ်တာလဲလို့ ပေါ့
သူတို့ ကပြောတယ် ရင်ထဲကအလိုလိုဖြစ်လာတာတဲ့
ကျွန်မ ယုံကြည်လိုက်သင့်လား
မယုံကြည်သင့်ဘူးလား
ကျွန်မ ထင်တာကတော့
ကျွန်မကို ချစ်တဲ့သူဟာ
ဘာတွေပဲကြုံကြုံ ကျွန်မကို
လက်တွဲမဖြုတ်တဲ့သူပေါ့
အဲ့ဒီအချစ်ကို ကျွန်မ စောင့်ကြည့်ချင်တယ်
ဂုဏ်ပြုဖို့ အတွက်ပေါ့
Saturday, July 18, 2015
ဝေးသွားကြမယ်…ဒီလိုမျိုး အိပ်မက်ဆိုး အတွက် တကယ်လို့ … ဆိုပြီးတောင် ကံကြမ္မာ ကို အရှုံးမပေးချင် ဘူး … ချစ်သူ တကယ် ချစ် မချစ် အချစ်က စစ် မစစ် အတိတ် အနာဂတ် ပန်းတိုင် ဖူးစာ ဘ၀ နဲ့ အချစ် အကြောင်း ခွဲခြမ်း စိတ်ဖြာဖို့ သတ္တိ တွေ မရဲံဝံ့ ခဲ့ ပြန်ဘုး… ချစ်သူ မိုးပေးမယ့် ကောင်းကင်ဟာ အဖြုပဲ ဖြစ်ဖြစ် အနက်ပဲ ဆိုဆို အတူတွဲထားတဲ့ လက်တစ်စုံနဲ့ ငါတို့ ရဲ့ သုံးရာသီ အနာဂတ်တွေကို နွေးထွေးစေမယ်… ချစ်သူ တည်မယ့် ကမ္ဘာမှာ နေ လ နဲ့ ကြယ် တစ်စင်းမှ မလင်းဖြစ်ရင်တောင် ချစ်သူ မျက်ဝန်း အလင်း နဲ့ ကိုယ်လျှောက်မယ့်လမ်း ကိုယ်ရေးခြယ်ကြမယ် တကယ်ပါ ချစ်သူရယ် တို့်နေမယ့် တို့နေရာမှာ နင် ငါ့ကို ချစ်နေဖို့ နဲ့ ငါ နင့်ကို ချစ်နေတယ် ဆိုတာ နင် ယုံကြည်ပေးဖို့ ဒီ နှစ်ခုသာ လိုပါတယ်…။