စုံတွဲတေးတစ်ပုဒ်
''အတူတူနားမှာ မင်းနဲ့ရှိတဲ့အချိန်
ပီတိများနဲ့ ရင်တွေခုန်
ပူပင်မူတွေနဲ့ဘဝရဲ့အမောများဝေး
ကမ္ဘာကြီးဟာ ပြည့်စုံ
ဂစ်တာလေးကို မင်းကတီးခတ်စဉ်
ကိုယ်ကသီချင်းများဆိုမယ်လေ
ပုံပြင်သစ်တွေနဲ့မင်းကချော့သိပ်တော့
အိပ်မက်တွေလှနေ''
Tuesday, December 22, 2015
ကို့ကို့ဖတ်ဖို့
Saturday, November 28, 2015
Monday, November 9, 2015
ကျမ
သူ့ ၏ဒုက္ခတွေကို မျှဝေခံစားချင်သူ
သူ့ ၏ ဝမ်းနည်းခြင်းတွေကို ပြေပျောက်စေချင်သူ
သူ့ ၏ပျော်ရွှင်ခြင်းတွေကို ပီတိဖြစ်ချင်သူ
သူ၏အခက်အခဲတွေကြားမှာ ဘယ်တော့မှထွက်မပြေးသူ
သူ့ နောက်ကွယ်မှာ တစ်ခြားယောက်ျားတစ်ယောက်နှင့် သစ္စာမဖောက်သူ
ကျမ တောင့်တမိတာ
သူ့ ၏ကြင်နာမြတ်နိုးမူနဲ့
နွေးထွေးတဲ့ ချစ်ခြင်းတစ်ခု
အဲ့ဒီအရာတွေကို ဆုပ်ကိုင်ပီး
အနာဂတ်ကို ရှင်သန်ချင်သူ
ကျမက
အချစ်ကို နှလုံးသားထဲမှာ
နူးညံ့သိမ်မွေ့စွာခံစားတတ်သူ ။ ။
်
Immortal Zar
Friday, October 9, 2015
'I miss you so much'
အရမ်းလွမ်းတယ် ချစ်သူ
နှလုံးသားက ချစ်သူရဲ့ ပုံရိပ်တွေကို
တမ်းတနေ မိတယ်
ဝေးနေစဉ် ခဏမှာ
သူ့ အပြုံးလေးတွေ
သူ့ စကားလေးတွေ
သူ့ အသံလေးတွေ
မှန်းဆ တမ်းတလို့ 
်သူ့ အကြောင်းလေးတွေတွေးနေမိရင်းနဲ့
အလွမ်းလေးတွေကို ဖြေသိမ့်မိပေါ့
သူလည်း ကျမကို အဲ့လို လွမ်းနေမှာလား
ဒါမှမဟုတ်
အချစ်တွေ လျော့သွားမှာလား
စိုးစိတ်လေး တစ်ချို့ နဲ့ လွမ်း
သူ့ အချစ်တွေကို အတွေးမျာနဲ့မှန်းဆ
တမ်းတမိတယ် ချစ်သူရယ်
*****************************ွ
Wednesday, October 7, 2015
မပြောပါနဲ့လား
မင်းရဲ့အတိတ်တွေကို တမ်းတနေတုန်းလို့ 
မင်းရဲ့အတိတ်တွေကို နှာမြောတသမိနေတုန်းလို့
မကြည့်ရက်ခဲ့ဘူ
ကိုယ်မမြင်နိုင်တဲ့ မင်းနှလုံးသားရဲ့
ခက်နက်နက်တစ်နေရာကိုပေါ့
အဲ့ဒီမှာ တစ်စုံတစ်ယောက်ရှိနေတုန်းလို့ 
ကိုယ့်အသိစိတ်က ခံစားမိတယ်
မင်းရဲ့အတိတ်က မင်းကို့  အဲ့လောက်တောင်
ခါးသက်စေသလား
နာကျည်းမူတစ်ချို့နဲ့ မင်းမုန်းမိပေမယ့်
အဲဒီအမုန်းတရားတွေနဲ့ မင်းချစ်နေမိတုန်းလားကွယ်
ကျေးဇူးပြုပီး အဲ့ဒီအတိတ်တွေကို အဝေးကိုလွှင့်မပစ်ချင်ရင်တောင်
မင်းနှလုံးသားရဲ့လှို့ဝှက်နေရာမှာပဲ သိမ်းထားပေးပါလား
ကျမ နှလုံးသားလေးနာကျင်မိလို့ 
မင်းရင်ထဲက အရာအားလုံးကို
နားလည်ခဲ့ပေမယ့်
ကျမ ခဏခဏ နာကျင်မိမှာစိုးလို ပါ
မင်းရဲ့အတိတ်တွေကို ကုစားနိုင်ဖို့ 
ကျမက ဆေးဖက်မဝင်ခဲ့တဲ့
အသုံးမကျတဲ့ ဖက်ရွက်တစ်ရွက်မျှသာပါ
ကျမ၌အလွန်ဆိုးရွားသောအကျင့်တစ်ခု ရှိ၏
မကောင်းမှန်းသိရက် မပြင်နိုင်သော အကျင့်ဆိုးများလည်းရှိ၏
ပေါက်ကွဲလွယ်ခြင်း
ထိခိုက် ခံစားလွယ်ခြင်း
ဖြေရှင်းစရာရှိက စိတ်မြန်လက်မြန်
သွေးဆူစွာဖြေရှင်းခြင်း
ပြောစရာရှိက မမြိုသိပ်နိုင်ခြင်း
ချက်ခြင်း တုံ့ ပြန်တတ်ခြင်း
သို့ သော်
တစ်ခါတစ်ရံ အရမ်းနားလည်မှုရှိပီး
သွေးအေးနေတတ်ပြန်၏
ထိခိုက်လွယ်ပေမယ့်
တစ်ခါတစ်ရံ မာကျောနေတတ်၏
အရမ်းချစ်တတ်သလောက်
အရမ်းမမုန်းတတ်ခဲ့ပေမယ့်
ကျမအား နားမလည်နိုင်ခဲ့သူတွေကိုတော့
ရဲ့ဝံ့စွာ လမ်းခွဲတတ်ခဲ့ပါ၏
နောင်တရပီး အတိတ်ကို နှမြောတသ့ခြင်းမျိုး
ကျမ မာနက လက်မခံနိုင်ခဲ့ပါု
Tuesday, October 6, 2015
Love of sweet
အချစ်၏ ချိုမြိန်ခြင်းသည်
အခြားသောဒုက္ခများကို
ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း၏
အခြားသော သောကများကို
ဖုံးကွယ်ထားနိုင်စွမ်း၏
တစ်နည်း
အင်အားကြီးမားသော လှိုင်းတံပိုးတစ်ခုနှင့်လည်းတူ၏
I miss you so much
ခွဲခဏ အချိန်လေးမှာတောင်
'ကို့ ' ကိုလွမ်း
တမ်းတမိ တယ် ချစ်သူ ရယ်
ဟိုးမိုးထက်က တိမ်တိုက်တစ်ချို့ကို ကြည့်ရင်း
'ကို့ ' ကိုလွမ်း
သတိရနေမိတတ်တယ် ချစ်သူ ရယ်
မိုးစက်လေးတွေ ကြွေကျတော့လည်း
'ကို'့ ကို လွမ်း
အမှတ်ရနေမိပြန်တယ် ချစ်သူရယ်
အရာအားလုံးတွေနဲ့ အတူ
'ကို့ 'ကို
သတိတရနဲ့ လွမ်းနေတတ်ခဲ့ပီနော်ီ
ရေးသူ
' ကို့ 'ချစ်လေး
Thursday, October 1, 2015
အချစ်များ သူ့ ဆီမှာ
သူ၏အချစ်တို့ သည် လေပြည်လေညှင်းလေးကဲ့သို့ ညင်သာပျော့ပျောင်း
ကျွန်မအပေါ်၌ထာဝရ တိုက်ခတ်ပါစေ
သူ့ ၏ အိပ်မက်တို့ သည်
ကျွန်မ၏ အိပ်မက်များနှင့်ပေါင်းစည်း၍
လက်တွေ့ ဘဝတစ်ခု မှာ
အတူတူ စီးမျောနိုငိပါစေ
ကျွန်မတို့ နှစ်ယောကိရဲ့
အထိမ်းအမှတ်နေ့ တိုင်းမှာ
သူ့ ကို ကျွန်မနား အမြဲရှိနေစေချင်တယ်
ရတုများ အဆက်ဆက် သူနဲ့အတူ
နေ့ ရက်များစွားကို ဖြတ်သန်းချင်တယ်
ကျွန်မ ချစ်သူ ကို လေ သိပ်ချစ်လို့ 
Sunday, September 27, 2015
ကို့ မူပိုင်ရှင်
ဒီညလမင်းကြီးသာတာမြင်တော့
လရောင်နှင့်တူသော 'ကိုကို့ 'ချစ်ခြင်းတွေကွို
လွမ်း နေမိတယ်
သူ့ ချင်းခြင်းတွေက ကျမအားအေးမြမူတွေ
ပေးစွမ်းနိုင်ပါ၏။
ကိုကို့  ချစ်မေတ္တာ လရောင်လိုသာလှည့်ပါနော်
ကုမုဒ္ဒြာလေး ပွင့်ချင်လို့ 
ကျမအတွက်တော့'ကိုက'ိုက
အမြဲတမ်းထွန်းလင်းနေမယ့်
ထာဝရ ကျမရဲ့ မူပိုင်လဝန်းကြီးပေါ့
ပုံ
ကို့ ချစ် လေ့း
လသာတဲ့ ညများ
ဒီည ကောင်းကင်ထက်မှာ တိမ်မြူကင်းရှင်းစွာနဲ့
လမင်းကြီးက သာလို့ ပေါ့
မမြင်ရတာ မခံစားရတာ ကြာပီဖြစ်တဲ့
လမင်းကြီးရဲ့ အလှအပကို ငေးကြည့်ဖြစ်ခဲ့တယ်
ပီးတော့
ရင်မဖွင့်ဖြစ်တာလည်း ကြာပြီလေ
အရင်က သူ့ ကို ငေးကြည့်ပီး တတွတ်တွတ်ပြောခဲ့တဲ့ စကားတွေ
ဝမ်းနည်းရင် သူ့ ကို ကြည့်ပီး မျက်ရည်ကျခဲ့ရတာတွေ
ကလေးတစ်ယောက်ရဲ့ နာကျင်မူတွေ
သူ့  ထံပါး ကပ်ငြိခဲ့ဖူးတယ်
အဲ့ဒီတုန်းက
သု့ အပြုံးတွေကျမနားမလည်နိုင်ခဲ့ဘူး
ခုတော့ ကျမသူ့ ကို ပြုံးပီးကြည့်နေနိုင်ခဲ့ပီ
လောကဓံတရားကို နားလည်သွားခဲ့တဲ့
တစ်ချိန်က ကလေးတစ်ယောက်က
ခုသူ့ ကို လက်ပိုက်ပီး ပြန်ကြည့်နေ ခဲ့တယ်
ကျမရဲ့ မကျေနပ်ခြင်းတွေ အလိုမကျခြင်းတွေ
အားငယ်ခြင်းတွေ ဝမ်းနည်းခြင်းတွေ
သူ့ ဆီ ခုဆို ကျမ မတိုင်တည်ဖြစ်တော့ဘူး
ခု ကျမသူ့ ကို ကြည့်နေတာ
သူ့ ရဲ့လှပခြင်းနဲ့အေးမြခြင်းကို ကျမခံစားကြည့်နေမိတာ
Tuesday, September 15, 2015
Saturday, September 12, 2015
တောင်းဆုများ
မြတ်စွာဘုရားရှေ့တော်မှောက်
********************်
နှလုံးသားက တောင်းဆိုလို့ 
စိတ်က လိုလိုလားလား တောင်းဆိုမိတယ်
မခွဲအတူ နေရပါလို၏
နှလုံးသားက တောင်းဆိုလို့ 
တောင့်တောင့်တတ ဆုပန်မိတယ်
သူ့ ရဲ့မြတ်နိုးခြင်းတွေ
အမြဲထာဝရတည်ပါစေသား
သူဝမ်းနည်ချိန် သူ့ ကိုဖေးမဖို့ 
သူမျက်ရည်ကျချိန် သူ့ မျက်ရည်တွေသုတ်ပေးဖို့
သူ့ အခက်အခဲတွေတွေ့ချိန်
်သူ့ ကို ကူညီပေးနိုင်ဖို့ 
ထိုအရာအားလုံးကို တတ်နိုင်စွမ်းသောသူတစ်ယောက်
ဖြစ်ရပါလို ၏
ထပ်တူညီသော တောင်းဆုတွေကြောင့်
ဆန္ဒများ ပြည့်ဝရပါစေသား
*****************************
Friday, September 11, 2015
တစ်စိမ့်စိမ့်ရင်ထဲတစ်သိမ့်သိမ့်ခံစားတဲ့'ကို'
ရှင်သန်ရာ အချိန်လေးတော့
မင်းရဲ့အနားနေချင်လို့ ပါ
အတူတူဆုံ အိပ်မက်တိုင်းဟာ
တို့ နှစ်ယောက်ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ
ဘဝသစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးထိ
မခွဲချင်ဘူး 'ကို'
နောက်ဆို ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို
နှစ်ယောက်အတူတူ ပြန်ပြောကြပီး
သွားခဲ့ဖူးတဲ့ နေရာလေးတွေကိုလည်း
အမြဲ အမှတ်တရနဲ့ ပြန် ကြည့်ကြမယ်နော်
*****************************
ကောင်မလေးနား 'ကို' ရှိချိန်
အရာရာ ပြည့်စုံနေ၏
Friday, September 4, 2015
I LOVE YOU
'ချစ်လား Honey '
ချစ်သူမေးတဲ မေးခွန်းလေးပေါ့
အဖြေက အဆင်သင့်ရှိနေတယ်ဆိုတာ
သူ့ ကို သိစေချင်လိုက်တာ
ကျမ မျက်လုံးလေးတွေထဲမှာ အဖြေရှာကြည့်ပါလားဟင်
သို့ သော် သူ့မျက်ဝန်းတွေနဲ့အကြည့်လေးတွေဆုံရဖို့
ကျမက မဝံ့မရဲ ဖြစ်နေမိပြန်ရော
ရှက်တယ် ချစ်သူရယ်
မချစ်လို့  ဟုတ်ဘူးနော်
ချစ်လို့ ရှက်နေမိတာ
ကို့ ချစ်သူကို ချစ်တယ်ပြောတာ
ရှက်စရာ မဟုတ်ဘူးလို ပြောကြပေမယ့်
ကျမကတော့ သူမေးလိုက်တိုင်း
ရင်ခုန်စိတ်လှုပ်ရှားမူတွေနဲ့
ရှက်နေမိတာ
ချစ်လို့ ရှက်တဲ့ ကောင်မလေးကို
နားလည်မူလေး မလွဲလိုက်ပါနဲ့နော်
တိုးတိုးလေးပြောမယ်
'ချစ် တယ် '်
ကျမ ချစ်သော 'ကို'
'ကို'
ခက်ခဲတဲ့ ကျမဘဝကို နားလည်ပေးနိုင်ခဲ့တဲ့အတွက်
'ကို့ ' ကို ချစ်မြတ်နိုးခြင်းတွေ တိုးလို့ ချစ်မိတယ်
ကျမအပေါ် အပြစ်မမြင်
ချစ်ခင် မြတ်နိုးတဲ့အတွက်
ကျမရဲ့သစ္စာတွေ 'ကို့ 'အတွက်
ထာဝရ တည်စေရပါမယ်
ကျမရဲ့ အချစ်တို့ သည် ကျမအားချစ်သော
ယောက်ျားတစ်ယောက်အတွက် တည်စေရမည်လို့  ကျမဆုံးဖြတ်ခဲ့ဖူးသည်
အဲ့ဒီ ဆုံးဖြတ်ချက်တစ်ခု က
'ကို'နဲ့ချစ်သူ ဖြစ်သည့်အချိန်မှ စ၍
တည်မြဲခဲ့ပါပီ
ရတုအဆက်ဆက် ကျမတို့  လက်တွဲကြမယ်နော'်ကို'
ကျမတို့ ဘဝရဲ့ ကျန်ရှိနေသေးတဲ့ အချိန်တွေမှာ
တန်ဖိုးရှိစွာ ကျမတို့  ဖြတ်သန်းကြမယ်နော်
ခံစားချက်တွေ ထပ်တူကျလိမ့်မယ်လို့ 
ယုံကြည်ပါရစေ 'ကို'
*****************************်
်
Tuesday, September 1, 2015
အချစ်ကို ခံစားခြင်း
မိုးအေးတဲ့ညတစ်ညမှာ
ကော်ဖီတစ်ခွက်
ချစ်သူရေးတဲ့ ကဗျာတစ်ပုဒ်နဲ့အတူ
သူ့အကြောင်းလေးတွေ
တွေးနေမိရုံဖြင့်
ညဟာ သိပ်ကို ပြည့်စုံလွန်းနေတယ်
သူ့ ကို ချစ်တဲ့အချစ်တွေက
ကျမအတွက်တော့
ငြိမ့်ငြိမ့်ညောင်းညောင်းလေးစီးဆင်းနေတဲ့
ချစ်မေတ္တာစမ်းချောင်းလေးတစ်ဆင်း
သူ့ ရဲ့နှလုံးသား
နာကျင်ခံစားခဲ့ရမှုတွေရဲ့
အဆုံးသတ်ဟာ ကျမ ဖြစ်ပီး
သိပ်ကို နူးညံ့သိမ်မွေ့လွန်းတဲ့
သူ့ ရဲ့ချစ်မြတ်နိုးခြင်းတွေရွဲ့
အစဟာ ကျမဖြစ်ပါရစေ်
***********************love
့
Monday, August 31, 2015
တစ်ချိန်က ကျမ
ဖြတ်ခနဲ ဝင်လာတဲ့ အသိတရားတစ်ချို့ 
အိပ်မက်က လန့်နိုးလာသလိုယောင်ဝါးဝါး
ကယောင်ကတမ်းနဲ့ လှမ်းပီဆွဲလိုက်မိတာ
ကျမ ရဲ့ တောင်ဝှေး လေးကိုပေါ့
ခုဆို သူမပါဘဲ ကျမသွားဖို့  အဆင်မပြေနိုင်တော့
အရင်ကဆို ဈေးတောင်းခေါင်းပေါ်ရွက်
တစ်နေကုန် လှည့်ပီးလျှောက်တာတောင်
မဖြုံ တဲ့ ကျမ ခုတော့ ဇရာ ရဲ့အောက်မှာ မလွန်ဆန်နိုင်တော့
အဝေးကို လှမ်းမျှော်ကြည့်လိုက်တဲ့ ကျမရဲ့
မှိန်ဖျော့ဖျော့ မျက်ဝန်းအိမ်ထဲမှာ
အတိတ်တွေက ထင်ဟပ်လို့ လာနေတယ်
ကျမ ပင်ပန်းခဲ့တယ် နာကျင်ခဲ့တယ်
သားသမီးတွေ အတွက် ခင်ပွန်းအတွက်ပေါ့
သူကတော့ ကျမထက်အရင် ကျမကို ခွဲသွားခဲ့တယ် သားသမီးတွေနဲ့ ကျန်ခဲ့တဲ့ ကျမရင်ထဲမှာ မိန်းမသားတစ်ယောက်အနေနဲ့ ဝမ်းနည်းအားငယ်ခဲ့ရတာ အဲ့ဒီတုန်းက ကျမ အရမ်း အားတင်းခဲ့ရတယ် သားသမီးတွေအတွက် ကျမဆက်ပီးအသက်ရှင်သန်ခဲ့တယ်
ရုန်း ကန် လှုပ်ရှား ခဲ့ရတယ် အချိန်တန်အရွယ်ရောက် သားသမီးတွေအိမ်ထောင်ကျတော့လည်း သူတို့ အတွက်တွေကျမမှာ စိတ်မအေးခဲ့ရဘူး
ကျမအတွက်ဆိုတာတွေကို မေ့ နေခဲ့ပီး
သူတို့ တွေအတွက် ကျမ ဖြစ်တည်ခဲ့တယ်
မြေးတွေ မြစ်တွေရလာတော့လည်းသူတို့ လေးတွေကို ချစ်ရ ပူပင်ရနဲ့ ကျမဟာ သမုဒယနွံတောထဲမှာ နစ်သထက်နစ်ခဲ့ပေါ့
ကျမဘဝမှာ အမှတ်ရနေတာတစ်ခုကတော့ ကျမရဲ့ စုဆောင်းမိထားတဲ့ ချွေးနဲစာလေးနဲ့ မြေးနှစ်ယောက်ကို ရှင်ပြုပေးခဲ့ရတဲ့နေ့လေးပါပဲ ကျမအရမ်း ပီတိဖြစ်ခဲ့ရတဲ့နေ့လေးပေါ့ သမီးတွေကိုတောင် အလှူမခံဘဲ ကျမကိုယ်တိုင်ပြုလုပ်ခဲ့ရတဲ့ အလှူလေးတစ်ခုမို့ ပါ ခုကျမ အသက်တွေလည်းကြီးခဲ့ပီ အရင်ကရှိခဲ့တဲ့ကျမရဲ့မာန်တွေလည်း ကျလာပီ
သင်္ခါရတရားတွေအောက်မှာ ခု ကျမ ရဲ့ဘဝနေဝင်ချိန်ရောက်နေပီ ကျမဘာတွေလုပ်ခဲ့သလဲ ကျမအတွက်ဘာတွေယူဆောင်သွားရမှာလဲ
ကျမနဲ့အတူဘယ်သူလိုက်ခဲ့မှာလည်း မေးခွန်းတွေ အထပ်ထပ်ပေါ့ နေဝင်ချိန်ထိကျမဟာ မေးခွန်းတွေနဲ့ ဝေဝါးနေမိတုန်းပဲ ကျမမြေးနှစ်ယောက်ကိုရှင်ပြုပေးခဲ့ရတဲ အလှူတစ်ခုကိုပဲ ကျမတွေးပီးတော့ သေရမလား? ဘယ်လိုပုံစံမျိုးနဲ့ ကျမ သေဆုံးသွားမလဲ ? လောကကြီးမှာ ကျမအတွက်အချိန်တွေများရှိခဲ့သေးရင် ကျမအတွက် ကျမဆက်ပီး လုပ်ခွင့်ရချင်သေးတယ် သို့ သော် သေခြင်းတရားကကျမကို ခွင့်မပြုတော့ ခုဆို နှလုံထဲမှ ဆူးအောင့်ပီး အမောဖောက်ခြင်းဝေဒနာကို ကျမ ခံစားနေခဲ့ရပီ ကျင်လည်ခဲ့ရတဲ့ ဘဝမျိုးစုံထဲက ကောင်းတာလေးတွေ လိုက်ပီးကောက်နှုတ်နေဖို့  ကျမမှာ အချိန်မရှိတော့ဘူး သားသမီးတွေကတော့ တရားဘာဝနာလေးမှတ်ပီးနေဖို့  တရားခွေလေးဖွင့်ပေးထားကြတယ် သူတို့ ကို ကျမစကားပြန်ပြောဖို့ အင်အားမရှိခဲပါ ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ကျမအားကြည့်နေခြင်းကို လည်း အဓိပ္ပါယ်မဲ့ပြန်ကြည့်နေမိသည် တစ်ခါတစ်ရံကျမ၏စိတ်တို့သည် လွင်ပြင်တစ်ခု၌လွင့်မျောနေသလို
******************-*-***********
အဲ့ဒီနေ့ 
ကျမဘဝရဲ့ နေဝင်ချိန်နောက်ဆုံးနေ့ 
သေခါနီးလူတစ်ယောက်ဟာ အစာတစ်ခုကို မက်မက်မောမောတောင်းဆိုတတ်ကြတာ ကျမအတွက်တော့ သိပ်မှန်တာပဲ ကျမတောင့်တမိတဲ့အစာက မုန့် ဟင်းခါး
ကျမတောင့်တောင့်တတ စားချင်ခဲ့တာ
သမီးတွေကို အတင်းပူဆာတော့ သူတိုလ့ည်းမနေနိုင်ပဲ ဝယ်ပီးကျွေးတယ်
ဒါပေမယ့် ကျမ သိပ်မစားနိုင်ခဲ့ပါဘူး
စားပီးသိပ်မကြာခင်မှာပဲ ကျမရောဂါဟာ စဖောက်လာခဲ့တာပါပဲ သမီးတွေသားတွေက အရေးပေါ်ဆရာဝန်ခေါ်ပီး ပျာနေကြတာပေါ့
နောက်တော့ ဆရာဝန်က ကျမကို ဂလူးကို့စ့်
ချိတ်ပေးလိုက်တယ် သိပ်မကြာဘူး ခေါင်းထဲ ရီဝေဝေဖြစ်ပီး ကျမဘာမှ မသိတော့ဘူး
ကျမရဲဝိဥာဏ်ကတော့ လွင့်မျောလို့ ပေါ့
********************************
ကျမခန္ဓာနဲ့ ဝိဥာဏ်ပြန်ကပ်ချိန် ဖြတ်ခနဲမျက်လုံးဖွင့်လိုက်တော့ တစ်အိမ်လုံးငြိမ်သက်တိတ်ဆိတ်လို့ 
ညနှစ်နာရီထိုးပီ လို့  သမီးတစ်ယောက်ကပြောတယ်
ကျမအရမ်းမောလာတယ် ကျမဝူးဝူးဝါးဝါးထဖြစ်တော့ အားလုံး လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာကြပီ ကျမဘယ်လိုမှ မနေနိုင်အောင်မောလာတယ် အသက်ရှုတွေလည်းကျပ်လာတယ် ကျမလူးလူးပြန်ပြန် ခံစားနေရပီ ခဏကြာတော့ သားတွေက ကျမကို ပွေ့ခေါ်သွားကြတယ် ကားပေါ်ကိုပေါ့ ကျမကို ဆေးရုံပို့ ဖို့ င်္သွားနေကြပီ
ကျမဘာကိုမှ မသိတော့လောက်အောင် ခံစားရတယ် ငိုသံတွေလည်း ကျမ မခံစားမိတော့ဘူး ဆေးရုံရောက်တော့ အောက်စီဂျင်ဗူးတွေနဲ့ ကျမအသက်ကိုကယ်ဖို့ လုပ်နေကြတယ် ဒါပေမယ့် အဲ့ဒီနေ့ ဟာ ကျမဘဝရဲ့ နောက်ဆုံးနေ့ ဖြစ်သွားခဲ့ပါတယ်
********************************
ဖွားဖွားကြီးရဲ့ နောက်ဆုံးထွက်သက်မှာ ဘာတွေကို မြင်ယောင်သွားမလဲ
သူ့ ဘယ်ဘဝမှာ
ဘယ်လို ပုံစံနဲ့ရှိနေမလဲဆိုတာတောဲ့ ကျမတို့ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်နဲ့ ကျမရဲ့ဖွားဖွားကြီးကလွဲ ဘယ်သူမှ မသိနိုင်ပါဘူး
ဖွားဖွားကြီး ကောင်းရာသုဂတိ လာပါစေအကျိုးငှာ
ို့သူ့အတွက်ကောင်းမူကုသိုလ်လုပ်ပေးရုံးမှတစ်ပါး
အခြားမတတ်နိုင်ခဲ့ပေ
ီ
်
Saturday, August 29, 2015
I believe myself
ဘယ်သူတွေ ဘာပြောပြော
ချစ်သူပြောတဲ့စကားတစ်ခွန်းကိုပဲ ယုံပေးပါ့မယ်
ဘယ်သူတွေက မှားတယ်ပြောပြော
ချစ်သူမှန်တယ်ဆို လက်ခံမယ့်သူပေါ့
ဘယ်သူတွေက မကောင်းဘူးပြောပြော
ချစ်သူက သင့်တော်တယ်ဆိုရင်လည်း
အဲ့ဒီအရာ ကျမ စမ်းသပ်ကြည့်မှာပေါ့
ဒီလမ်း အန္တရာယ်ရှိနိုင်တယ်တဲ့
တစ်ချို့ကတားမြစ်ကြပေမယ့်
ချစ်သူက အေးချမ်းသာယာမူတွေ ရှိနေတယ်တဲ့
ကို့ လက်ကိုရဲရဲ တွဲထားပီးတော့
လျှောက်ရအောင်ကွယ် တဲ့
တားမြစ်သံတွေ ကျောခိုင်းလို့ 
ဒီလမ်း ကျမ ဆက်လျှောက်မယ်
ဒါက ကျမ မိုက်မဲတာ မဟုတ်ပါ
ကျမ ဆုံးဖြတ်ချက် မှန်တယ်လို့ ယုံကြည်လို့
ပြီးတော့
ကျမ ချစ်သူကို ယုံ ကြည် လို့ 
********************************
ု
်