ဖြတ်ခနဲ ဝင်လာတဲ့ အသိတရားတစ်ချို့ 
အိပ်မက်က လန့်နိုးလာသလိုယောင်ဝါးဝါး
ကယောင်ကတမ်းနဲ့ လှမ်းပီဆွဲလိုက်မိတာ
ကျမ ရဲ့ တောင်ဝှေး လေးကိုပေါ့
ခုဆို သူမပါဘဲ ကျမသွားဖို့  အဆင်မပြေနိုင်တော့
အရင်ကဆို ဈေးတောင်းခေါင်းပေါ်ရွက်
တစ်နေကုန် လှည့်ပီးလျှောက်တာတောင်
မဖြုံ တဲ့ ကျမ ခုတော့ ဇရာ ရဲ့အောက်မှာ မလွန်ဆန်နိုင်တော့
အဝေးကို လှမ်းမျှော်ကြည့်လိုက်တဲ့ ကျမရဲ့
မှိန်ဖျော့ဖျော့ မျက်ဝန်းအိမ်ထဲမှာ
အတိတ်တွေက ထင်ဟပ်လို့ လာနေတယ်
ကျမ ပင်ပန်းခဲ့တယ် နာကျင်ခဲ့တယ်
သားသမီးတွေ အတွက် ခင်ပွန်းအတွက်ပေါ့
သူကတော့ ကျမထက်အရင် ကျမကို ခွဲသွားခဲ့တယ် သားသမီးတွေနဲ့ ကျန်ခဲ့တဲ့ ကျမရင်ထဲမှာ မိန်းမသားတစ်ယောက်အနေနဲ့ ဝမ်းနည်းအားငယ်ခဲ့ရတာ အဲ့ဒီတုန်းက ကျမ အရမ်း အားတင်းခဲ့ရတယ် သားသမီးတွေအတွက် ကျမဆက်ပီးအသက်ရှင်သန်ခဲ့တယ်
ရုန်း ကန် လှုပ်ရှား ခဲ့ရတယ် အချိန်တန်အရွယ်ရောက် သားသမီးတွေအိမ်ထောင်ကျတော့လည်း သူတို့ အတွက်တွေကျမမှာ စိတ်မအေးခဲ့ရဘူး
ကျမအတွက်ဆိုတာတွေကို မေ့ နေခဲ့ပီး
သူတို့ တွေအတွက် ကျမ ဖြစ်တည်ခဲ့တယ်
မြေးတွေ မြစ်တွေရလာတော့လည်းသူတို့ လေးတွေကို ချစ်ရ ပူပင်ရနဲ့ ကျမဟာ သမုဒယနွံတောထဲမှာ နစ်သထက်နစ်ခဲ့ပေါ့
ကျမဘဝမှာ အမှတ်ရနေတာတစ်ခုကတော့ ကျမရဲ့ စုဆောင်းမိထားတဲ့ ချွေးနဲစာလေးနဲ့ မြေးနှစ်ယောက်ကို ရှင်ပြုပေးခဲ့ရတဲ့နေ့လေးပါပဲ ကျမအရမ်း ပီတိဖြစ်ခဲ့ရတဲ့နေ့လေးပေါ့ သမီးတွေကိုတောင် အလှူမခံဘဲ ကျမကိုယ်တိုင်ပြုလုပ်ခဲ့ရတဲ့ အလှူလေးတစ်ခုမို့ ပါ ခုကျမ အသက်တွေလည်းကြီးခဲ့ပီ အရင်ကရှိခဲ့တဲ့ကျမရဲ့မာန်တွေလည်း ကျလာပီ
သင်္ခါရတရားတွေအောက်မှာ ခု ကျမ ရဲ့ဘဝနေဝင်ချိန်ရောက်နေပီ ကျမဘာတွေလုပ်ခဲ့သလဲ ကျမအတွက်ဘာတွေယူဆောင်သွားရမှာလဲ
ကျမနဲ့အတူဘယ်သူလိုက်ခဲ့မှာလည်း မေးခွန်းတွေ အထပ်ထပ်ပေါ့ နေဝင်ချိန်ထိကျမဟာ မေးခွန်းတွေနဲ့ ဝေဝါးနေမိတုန်းပဲ ကျမမြေးနှစ်ယောက်ကိုရှင်ပြုပေးခဲ့ရတဲ အလှူတစ်ခုကိုပဲ ကျမတွေးပီးတော့ သေရမလား? ဘယ်လိုပုံစံမျိုးနဲ့ ကျမ သေဆုံးသွားမလဲ ? လောကကြီးမှာ ကျမအတွက်အချိန်တွေများရှိခဲ့သေးရင် ကျမအတွက် ကျမဆက်ပီး လုပ်ခွင့်ရချင်သေးတယ် သို့ သော် သေခြင်းတရားကကျမကို ခွင့်မပြုတော့ ခုဆို နှလုံထဲမှ ဆူးအောင့်ပီး အမောဖောက်ခြင်းဝေဒနာကို ကျမ ခံစားနေခဲ့ရပီ ကျင်လည်ခဲ့ရတဲ့ ဘဝမျိုးစုံထဲက ကောင်းတာလေးတွေ လိုက်ပီးကောက်နှုတ်နေဖို့  ကျမမှာ အချိန်မရှိတော့ဘူး သားသမီးတွေကတော့ တရားဘာဝနာလေးမှတ်ပီးနေဖို့  တရားခွေလေးဖွင့်ပေးထားကြတယ် သူတို့ ကို ကျမစကားပြန်ပြောဖို့ အင်အားမရှိခဲပါ ဝမ်းနည်းတဲ့မျက်လုံးတွေနဲ့ ကျမအားကြည့်နေခြင်းကို လည်း အဓိပ္ပါယ်မဲ့ပြန်ကြည့်နေမိသည် တစ်ခါတစ်ရံကျမ၏စိတ်တို့သည် လွင်ပြင်တစ်ခု၌လွင့်မျောနေသလို
******************-*-***********
အဲ့ဒီနေ့ 
ကျမဘဝရဲ့ နေဝင်ချိန်နောက်ဆုံးနေ့ 
သေခါနီးလူတစ်ယောက်ဟာ အစာတစ်ခုကို မက်မက်မောမောတောင်းဆိုတတ်ကြတာ ကျမအတွက်တော့ သိပ်မှန်တာပဲ ကျမတောင့်တမိတဲ့အစာက မုန့် ဟင်းခါး
ကျမတောင့်တောင့်တတ စားချင်ခဲ့တာ
သမီးတွေကို အတင်းပူဆာတော့ သူတိုလ့ည်းမနေနိုင်ပဲ ဝယ်ပီးကျွေးတယ်
ဒါပေမယ့် ကျမ သိပ်မစားနိုင်ခဲ့ပါဘူး
စားပီးသိပ်မကြာခင်မှာပဲ ကျမရောဂါဟာ စဖောက်လာခဲ့တာပါပဲ သမီးတွေသားတွေက အရေးပေါ်ဆရာဝန်ခေါ်ပီး ပျာနေကြတာပေါ့
နောက်တော့ ဆရာဝန်က ကျမကို ဂလူးကို့စ့်
ချိတ်ပေးလိုက်တယ် သိပ်မကြာဘူး ခေါင်းထဲ ရီဝေဝေဖြစ်ပီး ကျမဘာမှ မသိတော့ဘူး
ကျမရဲဝိဥာဏ်ကတော့ လွင့်မျောလို့ ပေါ့
********************************
ကျမခန္ဓာနဲ့ ဝိဥာဏ်ပြန်ကပ်ချိန် ဖြတ်ခနဲမျက်လုံးဖွင့်လိုက်တော့ တစ်အိမ်လုံးငြိမ်သက်တိတ်ဆိတ်လို့ 
ညနှစ်နာရီထိုးပီ လို့  သမီးတစ်ယောက်ကပြောတယ်
ကျမအရမ်းမောလာတယ် ကျမဝူးဝူးဝါးဝါးထဖြစ်တော့ အားလုံး လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာကြပီ ကျမဘယ်လိုမှ မနေနိုင်အောင်မောလာတယ် အသက်ရှုတွေလည်းကျပ်လာတယ် ကျမလူးလူးပြန်ပြန် ခံစားနေရပီ ခဏကြာတော့ သားတွေက ကျမကို ပွေ့ခေါ်သွားကြတယ် ကားပေါ်ကိုပေါ့ ကျမကို ဆေးရုံပို့ ဖို့ င်္သွားနေကြပီ
ကျမဘာကိုမှ မသိတော့လောက်အောင် ခံစားရတယ် ငိုသံတွေလည်း ကျမ မခံစားမိတော့ဘူး ဆေးရုံရောက်တော့ အောက်စီဂျင်ဗူးတွေနဲ့ ကျမအသက်ကိုကယ်ဖို့ လုပ်နေကြတယ် ဒါပေမယ့် အဲ့ဒီနေ့ ဟာ ကျမဘဝရဲ့ နောက်ဆုံးနေ့ ဖြစ်သွားခဲ့ပါတယ်
********************************
ဖွားဖွားကြီးရဲ့ နောက်ဆုံးထွက်သက်မှာ ဘာတွေကို မြင်ယောင်သွားမလဲ
သူ့ ဘယ်ဘဝမှာ
ဘယ်လို ပုံစံနဲ့ရှိနေမလဲဆိုတာတောဲ့ ကျမတို့ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်နဲ့ ကျမရဲ့ဖွားဖွားကြီးကလွဲ ဘယ်သူမှ မသိနိုင်ပါဘူး
ဖွားဖွားကြီး ကောင်းရာသုဂတိ လာပါစေအကျိုးငှာ
ို့သူ့အတွက်ကောင်းမူကုသိုလ်လုပ်ပေးရုံးမှတစ်ပါး
အခြားမတတ်နိုင်ခဲ့ပေ
ီ
်
Monday, August 31, 2015
တစ်ချိန်က ကျမ
Saturday, August 29, 2015
I believe myself
ဘယ်သူတွေ ဘာပြောပြော
ချစ်သူပြောတဲ့စကားတစ်ခွန်းကိုပဲ ယုံပေးပါ့မယ်
ဘယ်သူတွေက မှားတယ်ပြောပြော
ချစ်သူမှန်တယ်ဆို လက်ခံမယ့်သူပေါ့
ဘယ်သူတွေက မကောင်းဘူးပြောပြော
ချစ်သူက သင့်တော်တယ်ဆိုရင်လည်း
အဲ့ဒီအရာ ကျမ စမ်းသပ်ကြည့်မှာပေါ့
ဒီလမ်း အန္တရာယ်ရှိနိုင်တယ်တဲ့
တစ်ချို့ကတားမြစ်ကြပေမယ့်
ချစ်သူက အေးချမ်းသာယာမူတွေ ရှိနေတယ်တဲ့
ကို့ လက်ကိုရဲရဲ တွဲထားပီးတော့
လျှောက်ရအောင်ကွယ် တဲ့
တားမြစ်သံတွေ ကျောခိုင်းလို့ 
ဒီလမ်း ကျမ ဆက်လျှောက်မယ်
ဒါက ကျမ မိုက်မဲတာ မဟုတ်ပါ
ကျမ ဆုံးဖြတ်ချက် မှန်တယ်လို့ ယုံကြည်လို့
ပြီးတော့
ကျမ ချစ်သူကို ယုံ ကြည် လို့ 
********************************
ု
်
Thursday, August 27, 2015
တစ်စုံတစ်ယောက်အား ချစ်မိသည်မှ စ၍
သူ့ အား ချစ်မိသည်မှ စ၍
ကျမ၏
အတွေးတွေအား လေးနက်စေခြင်း
အနာဂတ်တွေအား တောက်ပစေခြင်း
ပစ္စုပ္ပန်အား ပျော်ရွှင်မိခြင်း
ကျမဘေး၌ သူကလွဲ၍
တစ်ခြားသူများအားမရှိစေတော့ခြင်း
**************************
တစ်သက်မှာ တစ်ခါဆိုတဲ့အရာကို
ကျမ သူနဲ့ဆင်နွှဲဖို့ 
ကျမမှာ အကြောင်းအရင်းများစွာရှိပါသည်
????????
*********-********************
ဲ
Saturday, August 22, 2015
My love defination is------
နူးညံ့ ညင်သာလက်များနဲ့
မေးဖျားလေးကို မ,တင်
နဖူးလေးကို ညင်သာစွာနမ်းတော့
မြတ်နိုးခြင်းရဲ့ အငွေ့အသက်တွေ
ကျမ ခံစားမိတယ်
ဒီအနမ်း ကျမကလွဲ ဘယ်သူ့ မှ မခံစားစေချင်ဘူှး
သူ့  ဘဝမှာ မြတ်နိုးတန်ဖိုးထားရတဲ့
အမျိုးသမီး တစ်ေ ယာက်အဖြစ်
ကျမ ရှိနေချင်တာ ကျမရဲ့ ဆန္ဒပေါ့
ပြီးတော့ သူ့ အတွက်
ဘာနဲ့မှ လဲလှယ်လို့ မရနိုင်တဲ့အရာကလဲ(မိဘကလွဲ)
ကျမကို ချစ်တဲ့သူ့ အချစ်တွေပဲ ဖြစ်ချင်မိတယ်
ကျမက သူ့ အတွက် သီးသန့်လေး
နေထိုင်ချင်တဲ့ သူ့ ရဲ့သီးသန့်ချစ်သူ
ဘာနဲ့မှ မလဲနိုင်တဲ့ သူ့ ရဲ့ အမြတ်နိုးဆုံးချစ်သူ
သူ့ ရဲ့ ချစ်တယ်ဆိုတဲ့
စကားလုံးတွေ ခံစားမှုတွေနဲ့ပါတ်သက်သမျှ
ကျမ ကလွဲလို့  တစ်ခြားသူအတွက်
မရှိစေချင်တော့ တာ
ကျမရဲ့ ဆန္ဒ တစ်ခု ပဲ ပေါ့
****************-**--***********-ွ
Monday, August 17, 2015
သတိရညနေခင်းလေး
ညနေခင်းလေးတစ်ခု
ရပ်တန့် လို့  ငေးကြည့်နေချိန်
လေးညှင်းလေး တစ်ချို့ တီးတိုးကပ်ပြောသွားတယ်
သူမင်းကို သတိရနေတယ်တဲ့
ပြန်ပြောပေးပါ လေညှင်းလေးတို့ 
တို့ လည်း သတိရနေပါတယ်လို့ 
အိပ်တန်းပျံငှက်ကလေးတစ်ချို့
တေးသီကျူးရင်းပြောသွားခဲ့တယ်
သူမင်းကို သိပ်ချစ်တာပဲတဲ့
ပြန်ပြောပေးပါ ငှက်ငယ်လေးတို့ 
တို့ လည်း သူ့ ကို ချစ်ပါတယ်လို့ 
ကောင်းကင်ကြီးကို မော့ကြည့်လိုက်တော့
တိမ်တိုက်တစ်ချို့နဲ့
ကောင်းကင်ကြီးကပြောတယ်
ငါ့ရဲ့ ရင်ခွင်အောက်မှာ မင်းတို့ အတူတူရှိနေကြတာပဲတဲ့
မင်းတို့ ရဲ့ခြေလှမ်းတွေနီးကပ်စေဖို့ 
ငါကူညီပေးမယ်တဲ့
ကျေနပ်စွာနဲ့ ကောင်းကင်ကြီးကို
ထပ်မော့ကြည့်လိုက်တော့
တိမ်စိုင်တွေကြားထဲ တစ်ပွင့်ထဲတိုးထွက်နေတဲ့
ကြည်လေးတစ်ပွင့်က တို့ ကို ပြုံးပီး
ကြည့်နေလေရဲ့
***********်
Sunday, August 16, 2015
I can drive life train
ကျမရဲ့ သံသယာရထားကြီးကိုခုတ်မောင်းလာခဲ့တာ
ခုဆိုဘဝရဲ့သုံးပုံပုံတစ်ပုံကျိုးခဲ့ပီ
လိုက်ချင်တယ်လို့ လက်ကမ်းခဲ့တဲ့
ကျမနဲ့ အနွယ်တူခရီးသည်တစ်ချို့ကိုလည်း
ကြိုဆိုခဲ့ဖူးတယ်
သူတို့  ခရီးမှတ်တိုင်ဆုံးလို့ 
ဆင်းချင်ခဲ့တဲ့ ခရီးသည်တစ်ချို့ကိုလည်း
ထွက်ခွာခွင့်ပြုခဲ့တယ်
က်ျမနဲ့ အတူ ခရီးဆုံးအောင်လိုက်ပါဖို့ 
သူတို့  မကြိုးစားခဲ့ကြဘူး
ဒါပေမယ့်သူတို့ ကို က်ျမကျေးးဇူးတင်တယ်
ကျမကို ရင့်ကျက်အောင် ခွဲခြားတတ်နိုင်အောင်
သူတို့ သင်ပေးခဲ့ကြလို့ 
ခု ကျမရဲ့နောက်ဆုံးဘူတာမှာ
တစ်သက်တာကျောက်ချချင့်တဲ့
နေရာတစ်ခု ကျမတွေ့ခဲ့ရပီ
ခု ကျမတစ်ယောက်တည်း မဟုတ်တော့ဘူးလေ
အဲ့ဒီ ရထားကို ဆက်ခုတ်မောင်းဖို့
အားအင်တစ်ခု တိုးလာခဲ့ပီ
မရေရာတဲ့ အရာတွေထဲက
ရေရာတဲ့အရာတစ်ခု ကျမ ဖမ်းဆုပ်ခဲ့တယ်
အဲ့ဒီအရွာအတွက်
ရလာမယ် ရလာဒ်က
ကျမရဲ့ ကံကြမ္မာပေါ့
*********************************
ိ
Thursday, August 13, 2015
I'm challenge my life
ဒီနေ့ 
ကိုယ့် ဘဝကို ပြန်သုံးသပ်ကြည့်မိတော့
မင်းကြိုးစားဖို့ အများကြီးလိုသေးတယ်တဲ့
ဘဝဇာတ်ဆရာက ပြောသွားတယ။်
ဖြစ်နိုင်ရဲ့လားတဲ့
စိန်ခေါ်သွားသေးတယ် ။
မဲ့ပြုံးတစ်ချက်နဲ့
တုံ့ ပြန်လိုက်တယ် ။
အချစ်နဲ့ဘဝ(life & love)
'အချစ်နဲ့ဘဝ'
အဓိပ္ပါယ် ကွဲပြားတယ်
ခံစားချက် ကွဲပြားတယ်
ကျွန်မအတွက်တော့
အချစ်က ကျွန်မရဲ့ ဘဝ
အချစ်နဲ့ဘဝကို ခွဲထုတ်လို့ မရဘဲ
အမြဲတမ်း ယှဉ်ပြိုင်နေရတဲ့ ဘဝတစ်ခု
အကောင်းဆုံး အချစ်တွေနဲ့
အကောင်းဆုံးမဟုတ်ရင်တောင်
ကောင်းတဲ့ ဘဝတစ်ခု ဖန်တီးချင်တယ်
လောကမှာ ကိုပေးနိုင်သလောက်တွေပေးခဲ့တယ်
ရသလောက်တွေကိုလည်း ရောင့်ရဲတတ်နိုင်ခဲ့တယ်
ဘဝမှာ နာကျင်လွန်းရတာတွေလည်းရှိတယ်
ပျော်ရွှင်ခဲ့ရတာတွေလည်းရှိတယ်
ချစ်ခဲ့ရတာတွေလည်းရှိတယ်
ချစ်နေရတာ လည်းရှိတယ်
ကျမါ့ရဲ့ဘဝတစ်ခု ဘယ်ချိန်မှာ အဆုံးသတ်မလဲ
ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်မလဲ
အဲ့ဒီအချိန်ထိ ကျမဘေးနားမှာ
ဘယ်သူရှိနေမလဲ
ဖြတ်သန်းသွားရမယ် ကာလတစ်လျှောက်မှာ
ကျမ ကိုဘယ်သူနားလည်ပေးနိုင်မလဲ
ဘဝခါးခါး မှာအချစ်က ချိုမြိန်စေနိုင်မလား
ဝေဝါးတဲ့စိတ်နဲ့ ခုချိန်ကျမအိပ်မက်ထဲမှာ
အချစ်နတ်ဆိုးလေး ဝင်နှောင့်ယှက်နေတယ့်
Tuesday, August 11, 2015
သူ၏အချစ်ူ
ကျွန်မ နှလုံးသားတစ်ခုလုံး
နွေးထွေးငြိမ်းချမ်းလို့  နေ၏။
အဘယ့်ကြောင့်ဆိုသော်
ကျွန်မနှလုံးသားထဲ၌
သူ့အချစ်တွေ ခိုဝင်နေခြင်းကြောင့်
သူ့ ကြင်နာမူတွေ စီးဝင်နေခြင်းကြောင့်
ဲ
Sunday, August 9, 2015
ကျွန်မ၏ရွေးချယ်မှု(My choice)
ကျွန်မအရှေ့မှာ ရှိနေတဲ့ လမ်းနှစ်သွယ်
ရပ်တန့်နေလို့ မဖြစ်ဘူး
ကျမကိုယ်တိုင်ရွေးချယ်ရမယ်
တစ်လမ်း
သူ့ ဘက်ကကြည့်တော့ ဖြောင့်ဖြူးလို့ 
ကျွန်မဘက်ကကြည့်တော့ ကွေ့ကောက်
အခက်အခဲတွေ ပေးဆပ်ရမှာတွေကို
ကျွန်မလှမ်းမြင်နေရတယ်
သူ့ ဘက်ကကြည့်တော့ ပျော်စရာအတိ
ကျွန်မဘက်ကကြည့်တော့
မျက်ရည်တွေ ကျွန်မကိုမနှစ်မြို့တဲ့မျက်ဝန်းတွေ
ကျွန်မ ကြိုမြင်နေခဲ့တယ်
မဖြစ်နိုင်ဘူး အလိုလိုသိနေတဲ့စိတ်
တားမြစ်သံတစ်ချို့ကျမကြားနေရတယ်
အဲ့ဒီလမ်းမှာ ကျမအတွက် ပြည့်စုံန်ူင်ပေမယ့်
စိတ်ချမ်းသာမှုတွေတော့ ကျမဆုံးရှုံးနိုင်တယ်
ကဲကွယ်
ပျော့ညံ့တွေဝေမှုတွေ အဝေးကိုလွှင့်ပီး
ပြတ်သားကြရအောင်
ကျမကို ကမ်းလင့်နေတဲ့နောက်လမ်းတစ်သွယ်
ကျမအတွက် စိတ်ချမ်းသာမူတွေ
ပေးစွမ်းနိုင်လိမ့်မယ်လို့ ကျမယုံကြည်မိတယ်
ပီးတော့ ကျမရွေးချယ် ခဲ့ပီးပီ လေ
ကျမ မှန်တယ်လို့ ထင်မိတယ်
ကျမရွေးချယ်မူအတွက်ပေါ့
ဒီအခြေအနေလေးမှာ ကျမကျေနပ်ပါတယ်
လောကမှာ တစ်ချို့အရာတွေက
ဖက်တွယ်မထားသင့်ဘဲ စွန့်လွှတ်သင့်စွန့်လွှတ်ရမယ် ဆိုတာ
ကျမ နားလည် ခဲ့တယ်
ကျမရဲ့ရွေးချယ်မှုအတွက် ကျမကျေနပ်ပါတယ်
ဒါ ကျမရဲ့ဘဝပဲလေ
ကျမအတွက်မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ဖို့ 
မြူတစ်မှုန်စာလောက်ရှိတဲ့
မျှော်လင့်ချက်လေးနဲ့ပဲဖြစ်ဖြစ်
ကျမရှင်သန်နေတော့မယ်
အရာအားလုံးဟာ တစ်နေ့ တော့
သူ့ အလိုလို နေသားတကျဖြစ်သွားမှာပါ
စွန့် လွှတ်ခဲ့ရတာတွေကို ကျေနပ်ပါတယ်
ပိုင်ဆိုင်နေရတဲ့အရာတွေကိုလည်း
တန်ဖိုးထားပါတယ်
ဒါကျမရဲ့ဘဝပဲမဟုတ်လား
***************-******************ွ