Friday, September 11, 2015

တစ်စိမ့်စိမ့်ရင်ထဲတစ်သိမ့်သိမ့်ခံစားတဲ့'ကို'

ရှင်သန်ရာ အချိန်လေးတော့
မင်းရဲ့အနားနေချင်လို့ ပါ
အတူတူဆုံ အိပ်မက်တိုင်းဟာ
တို့ နှစ်ယောက်ရဲ့ကမ္ဘာ
ကြင်နာသူ စိတ်တိုင်းကျ
ဘဝသစ်ထဲမှာ အမြဲတစ်သက်လုံး
သံသရာအဆုံး ကမ္ဘာမြေအဆုံးထိ
မခွဲချင်ဘူး 'ကို'
နောက်ဆို ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို
နှစ်ယောက်အတူတူ ပြန်ပြောကြပီး
သွားခဲ့ဖူးတဲ့ နေရာလေးတွေကိုလည်း
အမြဲ အမှတ်တရနဲ့ ပြန် ကြည့်ကြမယ်နော်
*****************************
ကောင်မလေးနား 'ကို' ရှိချိန်
အရာရာ ပြည့်စုံနေ၏

1 comment:

  1. ကြင်နာခြင်း နဲ့ မေ့မရတဲ့ ညနေခင်း ကောင်မလေး လက်ကိုတွဲရှင်ကိုင်လို့ ကို လည်း မိုးကုတ်အစွန်းကို မျှော်ကြည့်နေတဲ့ အချိန် အိပ်တန်းပျံ ငှက်ကလေးတွေ ငေးမောကြည့်သွားလေရဲ့. . . . ?

    ReplyDelete