Sunday, September 27, 2015

လသာတဲ့ ညများ

ဒီည ကောင်းကင်ထက်မှာ တိမ်မြူကင်းရှင်းစွာနဲ့
လမင်းကြီးက သာလို့ ပေါ့
မမြင်ရတာ မခံစားရတာ ကြာပီဖြစ်တဲ့
လမင်းကြီးရဲ့ အလှအပကို ငေးကြည့်ဖြစ်ခဲ့တယ်
ပီးတော့
ရင်မဖွင့်ဖြစ်တာလည်း ကြာပြီလေ
အရင်က သူ့ ကို ငေးကြည့်ပီး တတွတ်တွတ်ပြောခဲ့တဲ့ စကားတွေ
ဝမ်းနည်းရင် သူ့ ကို ကြည့်ပီး မျက်ရည်ကျခဲ့ရတာတွေ
ကလေးတစ်ယောက်ရဲ့ နာကျင်မူတွေ
သူ့  ထံပါး ကပ်ငြိခဲ့ဖူးတယ်
အဲ့ဒီတုန်းက
သု့ အပြုံးတွေကျမနားမလည်နိုင်ခဲ့ဘူး
ခုတော့ ကျမသူ့ ကို ပြုံးပီးကြည့်နေနိုင်ခဲ့ပီ
လောကဓံတရားကို နားလည်သွားခဲ့တဲ့
တစ်ချိန်က ကလေးတစ်ယောက်က
ခုသူ့ ကို လက်ပိုက်ပီး ပြန်ကြည့်နေ ခဲ့တယ်
ကျမရဲ့ မကျေနပ်ခြင်းတွေ အလိုမကျခြင်းတွေ
အားငယ်ခြင်းတွေ ဝမ်းနည်းခြင်းတွေ
သူ့ ဆီ ခုဆို ကျမ မတိုင်တည်ဖြစ်တော့ဘူး
ခု ကျမသူ့ ကို ကြည့်နေတာ
သူ့ ရဲ့လှပခြင်းနဲ့အေးမြခြင်းကို ကျမခံစားကြည့်နေမိတာ

1 comment:

  1. လမင်းကို ငေးမောမိတဲ့ ကျွန်တော်တော့ မဖြစ်ခြင်ဖူး

    ReplyDelete