မျက်ဝန်းခြင်း ကြိုးအငြှိမှာ
ဂီတဟာ
အချစ် အချစ်လို့ မြည်သွား
ကိုယ့်ခြေဖျားလက်ဖျားတွေ
ရေခဲမှတ်အောက်ရောက်ခဲ့ရတယ်
အသံမဲ့ဘာသာစကားနဲ့
နားလည်မူခြင်းထပ်တူကျတဲ့အခါ
သူ့ အပြုံးလိပ်ပြာလေးတွေ
တစ်ရစ်ဝဲဝဲ ပျံသန်းလာခဲ့ကြ
ကိုယ့်ရငိခုန်သံငှက်ကလေးတွေလည်း
တောင်ပံတစ်ဖျတ်ဖျတ်ထခတ်ခဲ့ကြ
အဲ့ဒီတစ်ခဏများစွားမှာ
ကိုယ့် အသက်ရှုသံတွေ
ခေတ္တခဏ မှားခဲ့ကြပေါ့
စာဖတ်နေချိန် အသက်ရှူမှူတွေ မှားသွားတယါ
ReplyDelete