ဘယ်သူတွေ ဘာပြောပြော
ချစ်သူပြောတဲ့စကားတစ်ခွန်းကိုပဲ ယုံပေးပါ့မယ်
ဘယ်သူတွေက မှားတယ်ပြောပြော
ချစ်သူမှန်တယ်ဆို လက်ခံမယ့်သူပေါ့
ဘယ်သူတွေက မကောင်းဘူးပြောပြော
ချစ်သူက သင့်တော်တယ်ဆိုရင်လည်း
အဲ့ဒီအရာ ကျမ စမ်းသပ်ကြည့်မှာပေါ့
ဒီလမ်း အန္တရာယ်ရှိနိုင်တယ်တဲ့
တစ်ချို့ကတားမြစ်ကြပေမယ့်
ချစ်သူက အေးချမ်းသာယာမူတွေ ရှိနေတယ်တဲ့
ကို့ လက်ကိုရဲရဲ တွဲထားပီးတော့
လျှောက်ရအောင်ကွယ် တဲ့
တားမြစ်သံတွေ ကျောခိုင်းလို့ 
ဒီလမ်း ကျမ ဆက်လျှောက်မယ်
ဒါက ကျမ မိုက်မဲတာ မဟုတ်ပါ
ကျမ ဆုံးဖြတ်ချက် မှန်တယ်လို့ ယုံကြည်လို့
ပြီးတော့
ကျမ ချစ်သူကို ယုံ ကြည် လို့ 
********************************
ု
်
Saturday, August 29, 2015
I believe myself
Subscribe to:
Post Comments (Atom)
သွေးခွဲစကား ဆိုတာ ချစ်သူနှစ်ဦးကြားမှာ ဓါး တစ်လက်ရယ်ပါ တွဲလက်တွေမြဲပါစေ
ReplyDelete